Monday, June 19, 2006

A short Story

ကျွန်တော်သူ့ကို ဒီလို ဇွန် ဇူလိုင်လလောက်မှာပဲ တကယ်မရှိတဲ့ လောကတစ်ခုထဲမှာစတွေ့ခဲ့တယ်.. သူဟာ ထူးဆန်းစွာနဲ့ပဲ... ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူစိမ်းတွေရဲ့ သူငယ်ချင်း ဖြစ်နေတယ်.. ဒီလိုနဲ့ပဲ သူနဲ့ တစ်ယောက်အကြောင်းတစ်ယောက်ပြောဖြစ် အတွေးအခေါ်တွေဖလှယ်ဖြစ်ခဲ့တယ်.. ခင်မင်ခဲ့တယ်... တစ်နေ့မှာ မျက်နှာချင်းဆိုင်ဆုံဖြစ်ခဲ့ကြတယ်... သူပြောခဲ့တာက တစ်သက်လုံးပြန်တွေ့ရချင်မှ ပြန်တွေ့ရတော့မှာ.. ဒီ ၀ါကျတစ်ကြောင်းကြောင့်ပဲ ကျွန်တော် တစ်ခါမှ လုပ်လေ့မရှိတဲ့ အလုပ်ကိုစလုပ်ဖူးခဲ့တယ်... ဘယ်ကရလာတာမှန်းမသိတဲ့ သတ်တိတစ်ချို့ ရခဲ့ဖူးတယ်.. အဲဒီနောက်ပိုင်း ကျွန်တော်သူ့ကို ဖြူစင်ပွင့်လင်းစွာ ခင်မင့်ခဲ့တယ်.. သူလည်း ကျွန်တော့်လိုပဲ ခံစားရလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်.... မုန့်အတူတူသွားစားတယ်... တူတူလျှောက်လည်ခဲ့ဖူးတယ်... ရန်ဖြစ်ခဲ့ဖူးတယ်... ပြန်ချော့ခဲ့ဖူးတယ်... ဖုန်းတွေပြောခဲ့တယ်.. အတူတူငိုခဲ့ဖူးတယ်... နောက်တော့ ကျွန်တော့ပေါ်သူ့သဘောထားတွေ ပြောင်းလဲလာတယ်... ကျွန်တော် အရောင်တွေကို မကြိုက်ဘူး.. အဖြူရောင်ကိုပဲ သဘောကျတာလို့ သူ့ကိုပြောပြခဲ့တယ်... ဒါပေမယ့် ကျွန်တော် အဲလိုပြောခဲ့တာ အကြီးဆုံးအမှားပဲ... ကျွန်တော် သူပြောပြလာတဲ့ သဘောထားတွေကို အကြိမ်ကြိမ်ပယ်ချခဲ့တယ်... ကျွန်တော့ခင်မင်မှု သူ့အပေါ်ဆက်ဆံရေးတွေကိုတော့ တစ်ခုမှမပြောင်းလဲခဲ့ဘူး... ဒါလည်း ကျွန်တော့ရဲ့မိုက်မဲမှုတစ်ခုပါပဲ...  ကျွန်တော့ရဲ့ ပွင့်လင်းမှုတွေမှာ တူညီတဲ့တုန့်ပြန်မှုမျိုးတွေ မရနိုင်တော့တာ ကျွန်တော်သိလာတယ်... ဒါကြောင့် ကျွန်တော် နာကျင်မှုတစ်ချို့နဲ့ အတူ ကျွန်တော့ ဆန်ဒတွေ သဘောထားတွေ ခင်မင်မှုတွေကို မြှုပ်နှံခဲ့လိုက်ရတယ်.... ကျွန်တော် ဒီလိုလုပ်နိုင်ဖို့ အချိန်အကြာကြီး အကြိမ်များစွာ စဉ်းစားခဲ့ရတယ်... အားပေးနှစ်သိမ့်မှု အနည်းအကျဉ်းနဲ့ ကျွန်တော် ပြတ်သားခဲ့လိုက်တယ်.. ဒါပေမယ့် အခုထိ ကျွန်တော် ခင်မင်နေတုန်းပဲ.... သူက အခု သူငယ်ချင်းအသစ်နဲ့ ပျော်ရွှင်နေပါပြီ... ကျွန်တော်မရှိလို့လည်း ဘာမှမထိခိုက်ခဲ့ပါဘူး.... သူ့အတွက် မှန်ကန်တဲ့လမ်းတစ်ခုကို ရွေးချယ်နိုင်တော့မယ်.... အဲဒီအတွက်ဝမ်းသာပါတယ်...  သူစိတ်ညစ်တဲ့ အချိန်မှာ ကျွန်တော့်ကို သတိရစေချင်တယ်.. သူပျော်နေတဲ့အချိန်မှာတော့ သတိမရစေချင်ဘူး.. သူ အကူအညီလိုနေတဲ့ အချိန်မှာ ကျွန်တော် အားတက်သရော တတ်နိုင်သမျှ ကူညီချင်တယ်... ကျွန်တော် အကူအညီလိုတဲ့အချိန်မှာတော့ သူ့ဆီက မတောင်းဘူး...  ကျွန်တော် ကိုယ့်ဘာသာသေချာသွားခဲ့ပါတယ်... သူ့ကို ခင်မင်နေဆဲ ရိုးသားစွာ သံယောဇဉ်ရှိနေဆဲလို့..........

Posted by Ngwe Hnin Myu at 21:06:12 | Permanent Link | Comments (1) |
Comments
1 - I like ur story. Is this real?
Now, I feel like that story.
I have a same story like that.
If u want to listen, i ll tell u.
good bye. (Comment this)

Written by: snowfleik at 2006/07/29 - 11:46:16
Write a comment