To NyiPhyuSin
ညီဖြူစင်
ဒီနစ်ကို ငါဘာလို့ နင့်ကိုခေါ်ခဲ့သလဲ.. ငါ သဘောကျခဲ့သလဲ.. နင်သိလား... တူညီတဲ့ ဖြူစင်မှုတစ်ခုကို ငါလိုချင်ခဲ့လို့ပဲ... ငါယုံကြည်ခဲ့တာ တစ်ခုရှိတယ်... ငါသာ လူတစ်ယောက်ကို ခင်မယ်ဆိုရင် သူလည်း ငါ့ကို ညီတူညီမျှပြန်ခင်မယ်လို့.. တကယ်လို့ ငါသာ လူတစ်ယောက်ကို ကြည့်မရအမြင်ကတ်နေရင် သူလည်း ငါ့နည်းတူခံစားနေရမယ်လို့လေ.. အခုတစ်ခါတော့ တက်တက်စင်အောင် လွဲသွားပြီ.. ဘယ်သူ့ကြောင့်လဲ.. ဟုတ်လား.. နင့်ကြောင့်ပဲလေ... နင်ပြောတာ ရက်စက်လွန်းတယ်... ငါ နင်ပေးခဲ့တဲ့ ပစ်စည်းတွေကို အကုန်လုံးယူခဲ့တယ်... လိုချင်တာရှိရင် ပူဆာသလိုလုပ်ခဲ့တယ်.. ဒါပေမယ့် ၀ယ်ကိုဝယ်ပေးရမယ့်လို့ပြောခဲ့လို့လား ငါစနေခဲ့တာပဲရှိပါတယ်.. နင်ကိုယ်တိုင် ကျေကျေနပ်နပ် ငါလိုချင်တာကို ဖြည့်ဆည်းပေးချင်ရုံလို့ ငါယုံခဲ့တယ်.. ပြီးတော့ နင်ကိုယ်တိုင်ပြောခဲ့ဖူးတာ.. ဒါတွေဟာ ပိုကြေးပန်းကြေး မဟုတ်ဘူး... ပိုးကြေးပန်းကြေးသာဆို ဒီထက်ပိုကောင်းတာ ငါပေးမှာပေါ့လို့လေ.. ငါယုံခဲ့ပါတယ်.. နင်စိတ်မကောင်းဖြစ်မှာစိုးလို့... အားလုံးကို တစ်ခါမှမငြင်းခဲ့ဘူး..... သူငယ်ချင်းတွေ ဒီလောက်တားနေတဲ့ကြားကကို ယူခဲ့မိတာ.... သူများတွေ ငါ့ကိုချူစားတာလို့ပြောကြတယ်... ငါသိပ်ဂရုမစိုက်ခဲ့ဘူး... နင်ပေးသလောက် ငါပြန်မပေးနိုင်ခဲ့ပေမယ့် ငါတတ်နိုင်သလောက် နင့်ကို အမှတ်တရတွေပြန်ပေးခဲ့ပါတယ်.... အမြဲတမ်းနင်ကချည်း ငါ့ကိုထောက်ပံ့နေခဲ့ရလို့လား.. ငါဒီလောက်မငတ်ခဲ့ဘူးထင်တာပဲ.... အခုနင်က ဘာသဘောနဲ့ ငါ့ကြောင့် ၁၀၀၀၀၀ လောက်ကုန်သွားတယ်လို့ပြောခဲ့လဲ... ---ကိုပြောခဲ့တာလေ.... နင်ကပါ ငါ့ကိုချူစားတယ်လို့ပြောတယ်.... သိရဲ့လား.. နင့်စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာထိရောက်သလဲဆိုတာ.. --- ဟာ မိန်းကလေးချင်းကိုယ်ချင်းမစာစွာပဲ နင့်ဘက်က နာပေးခဲ့သေးတယ်လေ..... သူ့သူငယ်ချင်း ငါ့ရဲ့ငယ်သူငယ်ချင်းနဲ့ စကားများတဲ့အထိ... သူတို့နှစ်ယောက် အခေါ်အပြောတန်သွားတဲ့အထိ... ငါ့ရဲ့ ငယ်သူငယ်ချင်းဟာ ငါ့ကိုဒီလောက်တောင်ယုံပေး ငါ့ဘက်ပါပေးနိုင်ခဲ့တာလေ.... ငါယုံမိတဲ့နင်ကတော့......................
မှားတယ်... အမှားဆုံးက ငါနင့်ကိုယုံခဲ့မိတာ.... ခင်ခဲ့မိတာ.... ငါစပြီး မိတ်ဆက်စကားပြောမိကတည်းက မှားခဲ့တာပါ.... သေချာတာတစ်ခုကတော့ ငါ ဘယ်တုန်းကမှ နင့်အတွက် ဘာလုပ်ပေးလိုက်ရတယ်ဆိုတာမျိုးမှတ်မထားတာသေချာတယ်.. ကိန်းဂဏန်းတွေအားလုံး.. နင်ပြောခဲ့တဲ့ နာကြည်းစရာအားလုံး... ငါ လုံးဝမေ့သွားပြီ.. နည်းနည်းလေးတရားမျှတပါဦး.. နင်အခုတစ်ယောက်ကို ငါ့ကို ပြောသလိုမျိုး ပြောရဲလို့လား.. ပြောနိုင်လို့လား.... ငါ နင့်ကိုလက်မခံခဲ့တာကလွဲလို့ အားလုံးဟာ လူတိုင်းထက်အခွင့်အရေးတွေပိုရနေပါတယ်..
တစ်ချိန်တုန်းက ငါ့ဆီမှာ အဖြူရောင်တွေ သိပ်ကိုများခဲ့ပါတယ်.... ဒါပေမယ့် ၀ိုင်းပြီး အနက်ရောင်ဆိုးလိုက်ကြတာ.... ငါဘာမှမတတ်နိုင်ခဲ့ဘူး... ငါအဲဒီအရောင်ကို ပြန်ဖြူအောင်လည်း လုပ်ဖို့ မတတ်နိုင်ဘူး... အနက်ရောင်ဟာ သိပ်ကို အင်အားကြီးလွန်းပါတယ်.. ၀မ်းနည်းတယ်....... နာကြည်းနေတယ်... တစ်သက်လုံးအတွက် နာကြည်းစရာ တစ်ခုတိုးတာပေါ့........ ဒီတစ်ခါနင့်ကြောင့် ငိုခဲ့ရတာ နောက်ဆုံးအကြိမ်ဖြစ်စေရမယ်..

