Long time no see!
ဟယ်လို..ဘလော့ခ်လေးရေ.. ဖုန်တောင်တက်နေပြီထင်ပါ့..မရေးဖြစ်တာ ကြာပြီ.. နှင်းမြူရဲ့ ဘလော့ခ်က မြန်မာဘလော့ခ်ဒိုင်ယာရီထဲမှာ ပါနေတာ နည်းနည်းတောင် အားနာမိတယ်.. ကိုယ့်ဘလော့ခ်မှာ ရန်ဖြစ်တာတွေ ဒေါသထွက်တာတွေ ၀မ်းနည်းတာတွေကလွဲလို့ အတုယူစရာဘာမှမရှိ.. ဖတ်ချင်စရာဘာမှမရှိ... အစကတော့ ဘယ်သူ့ကိုမှ ပေးမသိဘဲ ကိုယ့်ဘာသာ ရေးချင်ရာရေးဖို့ဆိုပြီး လုပ်ထားခဲ့ပေမယ့် ဦးမောင်လှသိသွားတော့ အကုန်သိသွားရော.. ပါစင်နယ်ဘလော့ခ်အနေနဲ့ စိတ်ရှုပ်စရာတွေကိုရေးမိရခြင်းအကြောင်းကတော့ စာအုပ်မှာရေးရင် အိမ်သားတွေမြင်သွားမှာစိုးလို့.. အွန်လိုင်းပေါ်ဆိုတော့ အချိန်မရွေးဖျက်ဆီးပစ်နိုင်တယ်ဆိုပြီး ရေးမိတာ...ဦးမောင်လှကတော့ မြန်မာလိုအရင်ဆုံး စရေးတာ နှင်းမြူတဲ့... ဇော်ဂျီဖေါင့်မပေါ်ခင်တည်းက နှင်းမြူ ၀င်းအင်းဝနဲ့ရေးနေခဲ့တာ.. ဘယ်လိုပဲဖြစ်ဖြစ်လေ.. မနေ့က အားလို့ သူများဘလော့ခ်တွေဝင်ကြည့်တော့ အားလုံးက blogspot သုံးပြီး အပျံစားတွေဖြစ်နေကြပြီ.. နှင်းမြူက အခုထိ အဲဒါကိုသုံးဖို့ မကြိုးစားကြည့်ရသေးဘူး.. အနောက်မှာကျန်နေခဲ့ပြီ.. ၀မ်းနည်းစရာကြီး.. ဒီနောက်ပိုင်း ဘလော့ခ်မှာရေးဖို့ သိပ်အခြေအနေမပေးတော့လို့... အဲဒါသုံးဖို့ သိပ်စိတ်မ၀င်စားတာလည်းပါတယ်.... သူများဘလော့ခ်တွေကြည့်ပြီး သူတို့လို ဖတ်ချင်စရာကောင်းအောင် ဖတ်တဲ့သူတွေကို တစ်ခုခုပေးနိုင်အောင် လုပ်ချင်ပေမယ့် မလုပ်နိုင်သေးဘူးဖြစ်နေတယ်.. သူများဘလော့ခ်တွေကြည့်ပြီး အားကျနေတယ်..


(Comment this)
တချို့ font တွေ ဖတ်လို့မရဘူး။ ဘာ font သုံးထားလဲ မသိဘူး။ (Comment this)