Friday, November 03, 2006

For those who are not seeing themselves

ဘလော့ဆိုတာ နှင်းမြူအတွက်တော့ ဘယ်သူ့ရဲ့ ထင်မြင်ချက် ယူဆချက်တွေကိုမှ ဂရုမစိုက်ဘဲ ကိုယ်ရေးချင်တာရေးလို့ရတဲ့နေရာပဲ... ၀င်ဖတ်ပါလို့ ဘယ်သူကမှ ဇွတ်အတင်းမခေါ်ထားသလို ၀င်မဖတ်နဲ့လို့လည်းမတားမြစ်ထားပါဘူး...  ကိုယ်မဖတ်ချင်ရင် အစတည်းက၀င်ဖတ်စရာမလိုပါဘူး... မနေနိုင် မထိုင်နိုင်ဝင်ဖတ်ပြီးတော့မှ ဘလော့ပိုင်ရှင်ကိုစော်ကားတာမျိုးလည်း မလုပ်သင့်ပါဘူး.... မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထဲမှာ အိမ်ဒရေတစ်ခွဲသားနဲ့နေပြီး ကိုယ့်ခံစားချက်မှန်သမျှ စိတ်ထဲပဲထားထား ဆိုတဲ့ခေတ်လည်း ကုန်နေပါပြီ... ကိုယ့်ခံစားချက်ကို ကိုယ့်ဘာသာရေးတာ စကပ်တိုဝတ်ပြီး ကလက်တာလည်းမဟုတ်တဲ့အတွက် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ဒရေထိခိုက်တယ်လို့ နည်းနည်းလေးမှမထင်ပါဘူး...  လူတစ်ကိုယ် အကြိက်တစ်မျိုး အတွေးတစ်မျိုးဖြစ်တဲ့အတွက် လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်.... ဒါပေမယ့် ကိုယ့်ရဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အယူအဆတစ်ခုအတွက်နဲ့တော့ တစ်ခြားသူအပေါ်မမိုက်ရိုင်းသင့်ပါဘူး.... အသိပေးချင်တယ်ဆိုရင်လည်း နားဝင်ချိုအောင် ဆုံးမနိုင်တဲ့နည်းတွေ အများကြီးပါ.... သူများကို အပြစ်မပြောခင် ကိုယ့်ဘာသာအရင်ဆန်းစစ်ကြည့်လိုက်ပါဦး.. သူများကို လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ဘက်ကို ကျန်တဲ့ လက်လေးချောင်းရောက်လာတတ်တာကိုလည်း သတိရထားပါ...
Posted by Ngwe Hnin Myu at 21:35:08 | Permanent Link | Comments (1) |
Comments
1 - be thu tway ka myar kaung ma lay ko pyaw kya lo. lae kwe. :) (Comment this)

Written by: kaunglay at 2006/11/09 - 09:15:37
Write a comment